banner1

မိရိုးဖလာပညာရေး (Traditional Education) နှင့် အွန်လိုင်းပညာရေး (Online Learning) ၏အကျိုးကျေးဇူး

Donec rutrum, nisi vel egestas ultrices, ipsum urna sagittis libero

အင်တာနက်ပေါ်မှတဆင့် ယနေ့အခါကမ္ဘာတဝှမ်းက သန်းချီသော ကျောင်းသားများသည် Online Degree များကို တက်ရောက်လေ့လာသင်ယူနေကြပါသည်။ အနည်းဆုံးတော့ Online Course များကို Online မှဖြေကြား၍ အောင်လက်မှတ်များ ရယူလာကြပါသည်။ တက္ကသိုလ်၊ သင်တန်းကျောင်းများတွင် သင်ယူရသော မိရိုးဖလာပညာရေး (Traditional Education) လိုသင်ကြားခြင်းမျိုးမဟုတ်သော Online Learning တွင် အားသားချက်များရှိနေပါသည်။

 

  ရွေးချယ်သင်ယူစရာများပြားခြင်း

ယနေ့လူငယ်များအတွက် သင်တန်းကျောင်းများတွင် သင်ယူရသော မိရိုးဖလာပညာရေး (Traditional Education) လိုသင်ကြားခြင်းမျိုးဖြင့် ပညာသင်ကြားနိုင်သလို၊ မည်သည့်နေရာမှသွားစရာမလိုပဲ မိမိနေအိမ်မှတဆင့်သင်ယူနိုင်သော Online Learning စနစ်များလည်း ရွေးချယ်လာကြပါသည်။ ဆိုလိုသည်မှာ များပြားသောရွေးချယ်စရာ Subject များအပြင်၊ Traditional Education တွင်ရှိသော Nursing သည် Neuroscience Subject များအထိကို Online ပေါ်မှလည်း သင်ကြားလေ့လာနိုင်ပါသည်။

  ဈေးနှုန်းသက်သာခြင်း

မိရိုးဖလာပညာရေး (Traditional Education) ထက်စာရင် online ပညာရေးသည် ငွေကြေးကုန်ကျမှုသက်သာသော ပညာရေးစနစ်ဖြစ်ပါသည်။ online ပညာရေးအားလုံံးကိုမဆိုလိုပါ၊ သို့သော် သေချာသည်မှာ ဆက်နွယ်သောကုန်ကျမှု (associated costs) များသည် အမှန်ပင်သက်သာလှပါသည်။ ဥပမာ− သွားရေးလာရေးစရိတ်၊ ဖတ်စာအုပ်စရိတ်များ မလိုတော့ပါ။ တချို့သော Free Online Course များ အခမဲ့ဖြစ်သည့်အားလျှော်စွာ တက်ရောက်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးပါသည်။

  အလုပ်အတွက်အကျိုးကျေးဇူး

ယနေ့လူငယ်များသည် Online Course များ၊ Degrees ပေးသော Program များကို အလုပ်လုပ်ရင်တဖက်၊ မိသားစုကိုစောင့်ရှောက်ရင်တဖက် တက်ရောက်နိုင်ကြပါသည်။ ထိုသို့တက်ရောက်ခြင်းဖြင့် အောင်လက်မှတ်များ၊ ဒီဂရီများရရှိလာသောအခါ မိမိလုပ်ငန်းအလုပ်ရှင်မှ မိမိ၏တိုးတက်မှုများ၊ အတတ်ပညာများကို အသိအမှတ်ပြုလာပါမည်။

  နည်းပညာ (Technical) နှင့် အဆက်အသွယ် (Communication) များတိုးတက်စေခြင်း

အွန်လိုင်းပညာရေးများကို တက်ရောက်သူများအနေဖြင့် Learning System တွင် ပါဝင်သင်ယူနိုင်ရန် ကွန်ပျူတာအခြေခံများစသဖြင့် ရှာဖွေခြင်း၊ ဒေါင်းလုတ်ဆွဲချခြင်းများ ကို သိရှိရန်လိုအပ်ပါသည်။ Online Learning စနစ်တွင် ပါဝင်သင်ကြားခြင်းဖြင့် တက်ရောက်သူသည် ဖိုင်များ Share ခြင်း၊ စာဖြေလွှာများတင်ခြင်း၊ Forum တွင်တက်ရောက်မေးမြန်းခြင်း အဆင့်မြင့် Technical Skill များလည်း တိုးတက်လာစေသလို၊ Online Learning, Communication အတွေ့အကြုံကောင်းများရရှိစေ၍ တန်ဖိုးမဖြတ်နိုင်သော ပညာရေးတိုးတက်မှုကို ရရှိစေနိုင်ပါသည်။

ဇွန် 15, 2017

0တုံ့ပြန်မှုများ "မိရိုးဖလာပညာရေး (Traditional Education) နှင့် အွန်လိုင်းပညာရေး (Online Learning) ၏အကျိုးကျေးဇူး"

စာရေးသားထားခဲ့နိုင်

2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။

X