banner1

N4 Level ဖြေဆိုမည့်သူ အများစုက ယခင် N5 Level ကိုဖြေဆိုပြီးကြသူများလည်းရှိသလို ယခုတွင်မှ စတင်ဖြေဆိုမည့် သူများလည်း ရှိပါသည်။ ဘယ်လိုပဲဖြေဆိုကြမည့်သူတွေပဲဖြစ်ကြပါစေ မေးခွန်းနှင့်ရင်းနှီးနေ သူများက စာမေးပွဲဖြေဆိုရာမှာ စိတ်ပင်ပန်းမှုအနည်းဆုံးဖြင့် ဖြေဆိုနိုင်ကြမှာဖြစ်ပါသည်။ JLPT မေးခွန်းပုံစံများ မှာ 2010 မှစ၍ မေးခွန်းပုံစံသစ်ပြောင်းလိုက်သည်ကတစ်ကြောင်း၊ ဂျပန်စာမေးခွန်းများမှာ အပြင်သို့မထုတ်ပေး သည်ကတစ်ကြောင်းကြောင့် ဂျပန်စာသင်ယူနေကြသော ကျောင်းသား/ကျောင်းသူများမှာ မေးခွန်းနဲ့ထိတွေ့မှု နည်းကြပါသည်။

ထို့ကြောင့် ကျွန်တော်တို့ NIHON ICHI ဂျပန်စာကျောင်းနဲ့ ProNet Center တို့ ပူးပေါင်း၍ ဂျပန်စာသင် ယူနေသော ကျောင်းသား/ကျောင်းသူများအတွက် မေးခွန်းနဲ့ပိုမိုထိတွေ့မှု ရရှိစေရန် JLPT Online Practice Test ကို ပထမဆုံးအနေဖြင့် ပြုလုပ်လိုက်ရပါသည်။ ပထမဆုံးအကြိမ်ဖြစ်သည့်အတွက်ကြောင့် အလျင်းသင့်သလိုပြင်ဆင်ဖြည့်စွက်မှုများလဲ လုပ်ဆောင်သွားမှာဖြစ်ပါသည်။

ဂျပန်သံရုံး စာမေးပွဲလို့ လူသိများတဲ့ JLPT စာမေးပွဲ Nat-Test စာမေးပွဲ တို့၏ စာမေးပွဲ မေးခွန်းပုံစံအတိုင်း ကြိုတင် ဖြေဆိုလေ့ကျင့်ရမည့် အကြိုစာမေးပွဲပါ။ JLPT ၏ N4 မေးခွန်းပုံစံအတိုင်း (Vocab), (Grammar& Reading) (Listening) ဆိုတဲ့ အပိုင်း 3 ခုဖြေရမှာဖြစ်ပြီး တစ်ပိုင်းကို အမှတ်ပြည့် 60 ပေးပါတယ်။

 

N4 Level အတွက်ဆို တစ်ပိုင်းချင်းစီအတွက် အနည်းဆုံး 19 မှတ်အထက်၊ စုစုပေါင်း 90 မှတ် အထက်ဆို အောင်ပါတယ်။

 

နမူနာ အစမ်းပေးဖြေတဲ့မေးခွန်းမှာတော့ Japan Foundation က တရားဝင်ထုတ်ပြန်ထားတဲ့ မေးခွန်းနမူနာကို အသုံးပြုထားပါတယ်။ နောက်ပိုင်း လေ့ကျင့်ခန်းစာမေးပွဲတွေမှာတော့ ဂျပန်က ထုတ်ဝေတဲ့ ခန့်မှန်း မေးခွန်းတွေနဲ့ လေ့ကျင့်လို့ရမည့် အပြင် မေးခွန်းတစ်ခုချင်းစီအတွက် ရှင်းလင်းချက် Video ပါ ပါမှာမို့ စာမေးပွဲအတွက် အကျိုးရှိရှိ ပြင်ဆင်နိုင်မှာ ပါ။

 

ဘယ်သူတွေဖြေသင့်သလဲ

ဘယ်သူတွေဖြေသင့်သလဲN5 Level အတွက်လိုအပ်တဲ့ သဒ္ဒါ(အနည်းဆုံး Kiso Or Minna 2) သင်ပြီးသူ၊ N4 အတွက် စုစုပေါင်း Kanji 300 နဲ့ စကားလုံးတွေ လေ့လာပြီးသူများမှာ မိမိအရည်အချင်းကို အကြိုစစ်ဆေးရန်အတွက် ဖြေသင့်ပါတယ်။

 

သင်ရိုးညွှန်းတမ်း

JLPT(N4)Free Test
Vocabulary(もじ。ごい) 00:30:00
Grammar(文法)。読解 01:00:00
Listening(聴解) 00:35:00
တက်ရန်/ အပ်ရန်
  • အခမဲ့
  • 30 ရက်များ
53သင်ယူနေသူများ
  • Profile photo of Mya Nyein Htay
  • Profile photo of Zaw Thu Aung
  • Profile photo of Kyaw Hein
  • Profile photo of Ko Htin Kyaw Lin
  • Profile photo of Hein Thura

2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။