banner1

Grace Lady Fashion School မှ အွန်လိုင်းမှတဆင့် သင်ယူနိုင်သော “Myanmar Clothes Fashion Design” Online သင်တန်းတခုဖြစ်ပါသည်။ ခောတ်ဟောင်းမြန်မာဝတ်စုံ၊ ယနေ့ခောတ်မြန်မာဝတ်စုံများမှ ကော်လံပုံစံ၊ ဒေါက်ပုံစံ၊ ထမီပုံစံ၊ ရင်ဖုံးပုံစံ၊ နောက်ကျော်ပုံစံ၊ အင်္ကျီပုံစံများကို တခုချင်းသင်ကြားရ၍ သင်တန်းပြီးဆုံးပါက Formal မြန်မာဝတ်စုံများအပြင်၊ မိမိကိုယ်တိုင်လိုသလိုပြုပြင်ချိတ်ဆက်၍ Tailor Made ဒီဇိုင်းအသစ်အဆန်းမျိုးစုံကို ချုပ်လုပ်နိုင်စေပါမည်။

အွန်လိုင်းသင်တန်းဆိုသော်လည်း Grace Lady မှကျွမ်းကျင် Fashion Designer ဆရာများမှ အနီးကပ် ကြီးကြပ်ပေးနေ၍ သင်ယူသူမှများ၏ အခက်အခဲများ၊ သင်ခန်းစာတွင် နားမလည်ခြင်းများ၊ မေးမြန်းလိုသည်များရှိလျှင် သင်ခန်းစာတိုင်း၏အောက်တွင်ရှိသော မေးမြန်းရန်နေရာမှ အချိန်နှင့်တပြေးညီ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

ဘာလိုအပ်မလဲ။

ပေတံ၊ ပေကြိုး၊ ကပ်ကြီး၊ ဘောပင်၊ ဂဏန်းပေါင်းစက်၊ ဗလာစာအုပ်၊ အပ်ချုပ်စက် စတာတွေလိုအပ်ပါမယ်။

 

ဘယ်သူတွေတက်သင့်သလဲ။

မြန်မာဖက်ရှင်ဒီဇိုင်းကို စိတ်ဝင်စား၍ မြန်မာအင်္ကျီအမျိုးမျိုး၊ ထမီအမျိုးမျိုးကို ကိုယ်တိုင်ဖြတ်တောက်၍ စိတ်ကြိုက်ဖန်တီးနိုင်သော ဒီဇိုင်နာတယောက်အဖြစ်အသက်မွေးဝမ်းကြောင်းပြုလိုသူများ တက်ရောက်သင့်ပါတယ်။

 

သင်တန်းပြီးလျှင်ဘာရမလဲ။

သင်တန်းတွင်ပေးထားသော သင်ခန်းစာများကို လေ့လာဖတ်ရှုမေးမြန်၍ အသေအချာလေ့ကျင့်ပြီးသော နောက် Design ဆရာမှ စစ်ဆေးမေးမြန်းမှကို ဖြေဆိုရပါမယ်။ အောင်မြင်ပါက Grace Lady Fashion School မှ ပေးအပ်သော အောင်လက်မှတ်ကို ရရှိပါမည်။ ထို့အပြင် အထူးအောင်များအတွက် Grace Lady Fashion School တွင် On-Job-Training ဆင်းခွင့်ပေးခြင်း၊ သင်တန်းကျောင်းရှိ လက်ခံအပ်ကုန်များကို Outsource ပေးလုပ်စေ၍ ဝင်ငွေတိုးစေပါမည်။

သင်ရိုးညွှန်းတမ်း

အခြေခံနားလည်ခြင်း
Pattern, Cutting နှင့် Sewing 00:00:00
Japan CM နည်းဖြင့် Basic Card ဆွဲခြင်း 00:00:00
အဆင့်မြှင့်သင်ခန်းစာများ
ဒေါက်ပုံစံအမျိုးမျိုး 00:00:00
လက်ပုံစံအမျိုးမျိုး 00:00:00
Collars အမျိုးမျိုး 00:00:00
မြန်မာဝတ်စုံအမျိုးမျိုး (ရင်စေ့, ရင်ဖုံး, နောက်ကွဲ, ဘေးကွဲ) 00:00:00
ပတ်လုံချည် 00:00:00
ချိတ်လုံချည်, ကြိုးလုံချည် 00:00:00
သုံးလျွှာလုံချည်, လေးလျွှာ လုံချည် 00:00:00
Skirts အမျိုးမျိုး (A-line, mini, pencil, circle, godet, mermaid) 00:00:00

သုံးသတ်ချက်များ

ကောင်း
ရှုပ်
ကျေးဇူး
ရှင်း
မလည်

ဒီသင်တန်းအတွက် လေ့လာသုံးသတ်ချက်များ မတွေ့ရှိပါ။

တက်ရန်/ အပ်ရန်
  • 55,000 Ks 50,000 Ks
  • 45 ရက်များ
  • သင်တန်းအောင်လက်မှတ်
0သင်ယူနေသူများ

    2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။