banner1

သင်ယူသူအတွက်အားသာချက်များ

ဘာကြောင့် ProNet မှတဆင့် သင်ယူသင့်ပါသလဲ။

 

  အမှန်လိုအပ်နေသော သင်တန်း (Vocational) များကို အချိန်ကုန်၊ ငွေကုန်သက်သာစွာ တက်ရောက်နိုင်ခြင်း

Pro Net မှ သင်ယူသူများသည် မိမိလိုအပ်နေသော သင်တန်းများကို မိမိသင်ယူလိုသောနည်းပြဆရာထံမှ မိုဘိုင်း၊ ကွန်ပျူတာများမှတဆင့် အချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် သင်ယူနိုင်ပါသည်။

  သင်ပြပေးနေသောဆရာထံမှ တိုက်ရိုက်ဆက်သွယ်သင်ယူနိုင်ခြင်း

လွယ်ကူ၊ လေ့လာ၊ ပညာရှာ Freedom Online Edu Portal တွင် သင်ယူသူများသည် မိမိလိုအပ်နေသော သင်တန်းအမျိုးမျိုးကို၊ မိမိနှစ်သက်သော နည်းပြဆရာထံမှ တိုက်ရိုက်ပညာဆည်းပူးသင်ယူနိုင်ပါသည်။ သို့ပါ၍ မရှင်းလင်းသည်များ၊ သိလိုသည်များရှိလျှင် သင်ပြသူဆရာကို Pro Net စနစ်မှတဆင့် အလွယ်တကူ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင် ပါသည်။

 

  သင်ယူသူများအချင်းချင်းဆက်သွယ်နိုင်ခြင်း

Pro Net Online Edu Portal တွင် သင်တန်းတူ သင်ယူသူများအချင်းချင်း မိတ်ဆွေဖွဲ့နိုင်သော စနစ်များပါဝင်ပါသည်။ဝါသနာတူ သင်တန်းတူများအတွက် Community Group များကို သက်ဆိုင်ရာနည်းပြဆရာမှကြီးမှုးတည်ထောက်ပေး၍ အခမ်းအနားပွဲများ (Events), ပရောဂျက်များ၊ Workshop များကို အချင်းချင်းကူညီရိုင်းပင်းအတူတကွကျင်းပလုပ်ကိုင်နိုင်ကြပါသည်။

 

  ဖိုရမ် (Forum) များတွင် ပါဝင်နိုင်ခြင်း၊

သင်ယူစဉ် နှင့် သင်တန်းပြီးသောအခါတွင် ဆရာများမှ ဦးစီးဖွင့်လှစ်ထားသော ဖိုရမ်များတွင် ဝင်ရောက်မေးမြန်း၊ ဆွေးနွေးနိုင်ပါမည်။

 

  အသိအမှတ်ပြုအောင်လက်မှတ်ထုတ်ပေးခြင်း

ဝါရင့်ဆရာများမှ သင်ရိုးပြည့်ဝသော သင်တန်းများဖွင့်လှစ်သင်ပြပေးနေ၍ သင်ယူသူမှ ဆရာမှပေးသော သင်ခန်းစာများ၊Assignment များဖြေဆို၊ အောင်မြင်သော ဆရာမှ Digital Certificate ကို ပေးအပ်ချီးမြှင့်ပါသည်။

2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။