banner1

နည်းပြဆရာအတွက်အားသာချက်များ

သင်ဘာကြောင့် ProNet စင်တာမှာ နည်းပြဆရာဖြစ်သင့်ပါသလဲ။

 

  သင့်သင်တန်း၊ သင်ခန်းစာကို မူပိုင်ခွင့်ရရှိခြင်း

နည်းပြဆရာသည် သူ၏ ဉာဏဖြင့်ပြုလုပ်ခဲ့သော Learning Video, သင်ရိုးများ၊ အကြောင်းအရာများ၊ အစရှိသည်တို့အတွက် မူပိုင်ခွင့်ရှိပါသည်။

 

  စေတနာထားသင်ပြပေးခြင်းဖြင့် ကိုယ်ပိုင် Brand Name ကိုတည်ထောင်နိုင်ခြင်း

နည်းပြဆရာသည် သင်ခန်းစာများကို Online မှသင်ကြားလျှင်ဖြစ်စေ၊ Center မှတဆင့်သင်ကြားလျှင်ဖြစ်စေ၊ သင်ရိုးညွှန်းတမ်းတခုကို ProNet တွင် တည်ဆောက်ဖန်တီးသောအခါတွင် နည်းပြဆရာအမည်၊ သင်တန်းအမည်(ရှိလျှင်) များကို ထည့်သွင်း ဖော်ပြနိုင်ပါသည်။

 

  တနိုင်ငံလုံးမှသင်ကြားလိုသူများနှင့် တိုက်ရိုက်ထိတွေ့ခွင့်ရှိခြင်း

Online Learning Protal ဖြစ်သည့်အားလျှော်စွာ နည်းပြဆရာများအနေဖြင့်အနယ်နယ်အရပ်ရပ်မှ မိမိသင်တန်းတက်ရောက်လိုသူများကို တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

တက်ရောက်သူ၏သင်တန်းလျှောက်လွှာကိုလက်ခံပေးခြင်း၊ သင်ကြားပေးခြင်း၊ ဆွေးနွေးပေးခြင်း၊ စာဖြေလွှာများစစ်ပေးခြင်း၊ အောင်လက်မှတ်ထုတ်ပေးခြင်းများကို ProNet မှတဆင့် သင်ကြားမှုလုပ်ငန်းစဉ် အစမှအဆုံးအထိကို ပြုလုပ်နိုင်ပါသည်။

 

  အချင်းချင်းလေးစားမှုရှိသော Community မှ အကူအညီများရရှိနိုင်ခြင်း

အချင်းချင်း အပြန်အလှန်လေးစားမှုသည် ProNet Learning Protal ၏ အားသားချက်တခုဖြစ်ပါသည်။

လူပုဂ္ဂိုလ်၊ သင်ခန်းစာအမျိုးအစား၊ ကြီးသည်၊ ငယ်သည်ကိုမခွဲခြားပဲ အခက်အခဲများရှိလျှင် အပြန်အလှန်လေးစား၍ အချင်းချင်းရိုင်းပင်းကူညီနိုင်စေရန် Teacher Community ကို ProNet မှကြီးမှုး၍ ဖွင့်လှစ်ပေးထားပါသည်။

 

  ထိုက်တန်သော ဉာဏ်ပူဇော်ခကို ရရှိစေခြင်း

နည်းပြဆရာသည် မိမိဖွင့်လှစ်သောသင်တန်းအတွက် ဉာဏ်ပူဇော်အခ (မျှတသော) ကို မိမိကိုယ်တိုင်သတ်မှတ်ရပါမည်။

မိမိကိုယ်တိုင်သတ်မှတ်ရပါမည်။ နည်းပြဆရာသည် မိမိကိုယ်ပိုင် Dashboard မှတဆင့် မိမိ၏ ဝင်ငွေ(Revenue) ကို အချိန်နှင့်တပြေးညီ မြင်တွေ့နိုင်ပါမည်။

မြင်တွေ့နိုင်ပါမည်။ စင်တာမှဝန်ဆောင်မှုများ၊ သင်ကြားမှု ကုန်ကျစရိတ်များကိုနှုတ်ယူ၍ သတ်မှတ်အချိန်တခု၊ ပမာဏတခုတွင် နည်းပြဆရာ၏ ဝင်ငွေကို ရှင်းလင်းပေးပါသည်။

2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။

X