banner1

ProNet ပညာရေးစင်တာ သိကောင်းစရာ (About ProNet)

ProNet ပညာရေးစင်တာ သိကောင်းစရာ (About ProNet)

 

ProNet သည် အွန်လိုင်း + စင်တာ သင်တန်းများ လွတ်လပ်စွာဖွင့်လှစ် သင်ကြားပြသပေးနိုင်သော လွယ်ကူ၊ လေ့လာ၊ ပညာရှာ Learning Portal
တခုဖြစ်ပါသည်။

အနယ်နယ်မှ စင်တာများ၊ နည်းပြများသည် မြန်မာလူငယ်များလိုအပ်နေသော အသက်မွေးဝမ်းကျောင်း (Vocational Education)
ဘာသာများကို စင်တာသင်တန်းများ၊ အွန်လိုင်းသင်တန်းများအနေဖြင့် အခမဲ့ဖွင့်လှစ်နိုင်ကြပါသည်။

အနယ်နယ်မှလူငယ်တက်ရောက်သူများသည် သင်တန်း၊ နည်းပြ၊ ဘာသာများကို တနေရာတည်းမှလေ့လာ၍ ပညာသင်ယူနိုင်ပါသည်။

 

 

 

ကျွန်ုပ်တို့၏ဆောင်ပုဒ် (motto)

 

  မည်သည့်ပညာရပ်မှနေရာတိုင်းအသုံးမဝင်သလို၊ မည်သည့်ပညာရပ်မှလည်းအလကားမဖြစ်ပါ။ သူနေရာနှင့်သူလိုအပ်နေသည်သာဖြစ်ပါသည်။

  လူတိုင်းမိမိအသက်မွေးဝမ်းကျောင်းအတွက် မိမိစိတ်ဝင်စားဝါသနာပါသော၊ အတတ်ပညာရပ်များကို အလွယ်တကူ ရှာဖွေလေ့လာ၊ သင်ယူတတ်မြောက်၍ အသုံးချနိုင်ရမည်။

 

ပညာရေးစင်တာ (Education Center) ၏ရည်မှန်းချက် (3) ရပ်

 

လူငယ်၊ ပညာသင်ယူလိုသူများ (Students) အတွက် − အွန်လိုင်းမှ၎င်း (သို့) ပညာရေးစင်တာမှ၎င်း အချိန်ကုန်၊ ငွေကုန်သက်သာ၍ အဆင်ပြေစွာပညာသင်ယူနိုင်သော “Utmost Affordable Education Center” ဖြစ်စေရန်၊

နည်းပြဆရာများ၊ သင်တန်းစင်တာများ (Instructors) အတွက် − အွန်လိုင်းမှသော်၎င်း (သို့) ပညာရေးစင်တာမှသော်၎င်း မိမိတတ်သိကျွမ်းကျင်မှုများကို ဝေငှာသင်ကြားပို့ချနိုင်၍ ထိုက်တန်သော အကျိုးကျေးဇူးကို ပြန်လည်ရရှိနိုင်သော “Utmost Accountable Education Center” ဖြစ်စေရန်၊

အလုပ်ရှင်များ၊ အလုပ်လုပ်မလုပ်ရသေးသူများနှင့်အလုပ်လုပ်နေသူများအတွက် − အလုပ်လည်ပတ်စေရန်လိုအပ်သော အတတ်ပညာရပ်များကို ယုံကြည်စိတ်ချစွာ လေ့လာသင်ယူတတ်မြောက်နိုင်၍ ၎င်းသင်ယူခဲ့သည်များကို လုပ်ငန်းအတွင်းထိရောက်စွာအသုံးချနိုင်သော “Utmost Reliable Education Center” ဖြစ်စေရန်ရည်မှန်းပါသည်။

 

 

လုပ်ဆောင်ချက်များ

 

ProNet သည် အချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် လူငယ်များ၊ ကျွမ်းကျင်ပညာရှင် (နည်းပြဆရာ) များ ပညာသင်ကြားပြသပေးနိုင်ရန်−

 

စင်တာရှိသောနည်းပြများ၊ စင်တာမရှိသောနည်းပြများအတွက်

  • အွန်လိုင်းသင်တန်းများဖွင့်လှစ်နိုင်ရန်ကူညီခြင်း၊
  • စင်တာရှိသောနည်းပြများ မိမိသင်တန်းနေရာမှစင်တာဖွင့်လှစ်နိုင်ရန် ကူညီခြင်း၊
  • စင်တာမရှိသူနည်းပြများ အတွက် ProNet နေရာကို ဝေငှာသုံးစွဲနိုင်ရန် စီစဉ်ပေးခြင်း၊

 

ရန်ကုန်အပြင်၊ အနယ်နယ်မှလူငယ်၊ ကျောင်းသားများအတွက်

  • အခမဲ့သင်တန်းများဖွင့်ပေးထားခြင်း၊
  • တက်လိုသည့်အတန်းကို လေ့လာတက်ရောက်နိုင်ခြင်း၊
  • နည်းပြနှင့်တိုက်ရိုက်မေးမြန်းသင်ယူခွင့်ရရှိခြင်း၊
  • လွယ်ကူ၊ လေ့လာ၊ သင်ယူနိုင်၍ အောင်လက်မှတ်ရရှိခြင်း၊

စသည့်အချက်များကို ProNet ၏ရည်မှန်းချက် (3) ရပ်နှင့်အညီ ကြိုးစားဆောင်ရွက်ပါသည်။

2017 - အိုင်တီမြန်မာ မှဦးစီးတည်ထောင်သည်။

X